Showing posts with label ကဗျာများ. Show all posts

  အဖေ

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅နှစ်.......ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။
၆နှစ်.......ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈နှစ်.......တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
၁၀နှစ်......အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်သိပ်ကြီးပြီိဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
၁၄နှစ်......အဖေတော့ ထည့်ပြောမနေနဲ့ ၊သူက ရှေး ရိုးသမားကြီး။
၂၁နှစ်.....အဘိုးကြီးလား.....ထားပါ။ အောက်နေပြီ။ လုံးဝအောက်နေပြီ။
၂၅နှစ်.....အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်။ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။
၃၀ နှစ်....အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ်.....အဖေနဲ့ တိုင်ပင်ပြီးမှ ပဲ ဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။
၄၀....အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်။ အမြော်အမြင်လည်းရှိတယ်။
၅၀.....ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်။ တကယ်ဆို ငါ့အဖေဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
ဖေမြင်(့ နှလုံးသားအာဟာရ)စာအုပ်လေးမှ ဘာသာပြန် ရသ စာလေးဖြစ်ပါတယ်။အဖေ ဆိုတဲ့ စာလေးကိုဖတ်လိုက်ရတော့ မကြာသေးခင်က ကွယ်လွန်သွားသော အဘိုးဖြစ်သူအား သတိရသွားပါတယ်။ ဒီစာထဲကလိုပဲ အဘိုးရှိတုန်း ...သူ့ရှိက ပညာတွေ အများကြီး ရလိုက်အောင် ကြီုးစားသင့်တယ်လို့ နောင်တ ရမိတယ်။

 

                        ............စိတ်ချမ်းသာ..........

 စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်တဲ့ သူငယ်ချင်းတို့ရေ။ ဒါပေမယ့် ကိုယ်ချမ်းသာတိုင်းတော့ စိတ်က ကျန်းမာချင်မှ
ကျန်းမာလိမ့်မယ်။
ချမ်းသာ တယ်ဆိုတာ ဘာကို ခေါ်တာလဲ။ သူငယ်ချင်းတို့ သိထားတဲ့ ချမ်းသာခြင်းဆိုတာ ငွေကြေးနဲ့တိုင်းတာထားတဲ့
သတ်မှတ်ချက်ဖြစ်တယ်။
ပြည့်စုံကြွယ်ဝ တင့်တယ်လှပတဲ့ ဘ၀အခြေအနေကို ချမ်းသာတယ်လို့ သုံးနှုံးလေ့ ရှိကြတယ်နော်။
ကဲ…ဒါဖြင့် စိတ်ချမ်းသာတယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုကြမလဲ။ စိတ်ဆန္ဒတွေ ပြည့်စုံပြီး ကြံစည်သမျှ
အောင်မြင်လိုသမျှ ဖြည့်ဆည်းနိုင်တဲ့ မျက်ရည်ကင်းသော ဘ၀ကို စိတ်၏ ချမ်းသာခြင်းသုခ ခံစား ရတယ်လို့ ပြောရလိမ့်မယ်။
မိမိစိတ်ထဲက ဖြစ်ချင်တဲ့အရာ၊ လိုချင်တဲ့အရာ တွေဖြစ်လာရတဲ့အခါ ဘယ်လောက် စိတ်ချမ်းမြေ့ စရာကောင်းသလဲနော်။
အဲဒါကို ငွေနဲ့ ၀ယ်လို့ရမယ်လို့ သူငယ်ချင်းတို့ မထင်လိုက်လေနဲ့။
ငွေပုံပေါ်မှာ ထိုင်နေပြီး စိတ်ချမ်းသာခြင်းသုခကို မရရှိနိုင်ကြသူတွေ လောကမှာ အများကြီးရှိတယ် သူငယ်ချင်းတို့ရ။
မေတ္တာ၊ အကြင်နာ၊ စေတနာတွေကို ငွေနဲ့ဝယ်လို့ မရသလို ငွေနဲ့တန်ဖိုးဖြတ်လို့လည်း မရဘူး။ အဲဒီအရာ တွေဟာ
စိတ်ချမ်းသာမှု အတွက် လိုအပ်သော ဆေးဝါး တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ငွေနဲ့ သွေးဆေးလို့ ဘယ်တော့မှ
မရနိုင်ဘူးပါဘူး။
ဒါကြောင့် လူ့ဘ၀ အရေအကြီးဆုံးငွေမဟုတ်ဘူးဆိုတာကို လက်ခံလားဟင်…
စိတ်ချမ်းသာမှုရှိစေဖို့ မေတ္တာသည်သာ အရေးအပါဆုံး ဖြစ်တယ်။ လူတိုင်းအပေါ် မေတ္တာထားတတ် ကြရမယ်လို့

မျှော်လင့်ချက်က.. လူကိုတက်ကြွရှင်သန်စေပါတယ်..


ဒီလမ်းက..
ကိုယ့် အတွက် အန္တရယ်ရှိတယ်ဆိုရင်..
မသွားလိုက်တာကောင်းပါတယ်..
ဒီအတွေးက..
ကိုယ့် ကို စိတ်ဆင်းရဲနာကျင်စေတယ်ဆိုရင်.
.မတွေးတော့ တာကောင်းပါတယ်..
ဒီစကားက..
သူတစ်ပါးကို ထိခိုက်နာကျင်စေတယ်ဆိုရင်..
မပြောဘဲနေလိုက်တာ ပိုကောင်းပါလိမ့်မယ်..
 ချိုသာတဲ့  အပြုံးလေးတစ်ပွင့်..
နွေးထွေးတဲ့  စကားလေးတစ်ခွန်းက..
ကိုယ့် အတွက် တစ်ပြားတစ်ချပ်မှ..
မကုန်ကျပေမယ့် ..
လက်ခံရလိုက်သူ အဖို့ မှာတော့ ..
အဖိုးမဖြတ်နှိုင်လောက်အောင်..
တန်ဖိုးရှိနေနိုင်ပါတယ်...
မျက်ဝန်းအကြည့်တစ်ချက်က..လူတစ်ယောက်ရဲ့ မျှော်လင့်ခြင်းတွေကို
ရှင်သန်နိုးကြားစေနှိုင်သလို..
အဲဒီမျက်ဝန်းကပဲ..
လူတစ်ယောက်ရဲ့ ..မျှော်လင့်ခြင်းတွေကို
ကစဥ့်ကလျားပြိုကျပျက်စီးစေနှိုင်စွမ်းရှိပါသေးတယ်...
မျှော်လင့်ချက်က.. လူကိုတက်ကြွရှင်သန်စေပါတယ်..
ယုံကြည်ချက်က.. လူကိုအောင်မြင်ပျော်ရွှင်စေပါတယ်..
ခင်မင်ခြင်းက.. လူကိုလှိုက်လှဲနွေးထွေးစေပါတယ်..
ချစ်မြတ်နိုးခြင်းက.. ဘဝကိုမက်မောတွယ်တာစေပါတယ်..

အရိုးရှင်းဆုံးဘဝဟာ ပျော်စရာအကာင်းဆုံးပါ



အရိုးရှင်းဆုံးဘဝဟာ ပျော်စရာအကာင်းဆုံးပါ...။

စိတ်ရှင်းရင် ဘဝလည်းရှင်းပါတယ်...။

ကိုယ်ရဲ့ စိတ်က ကိုယ့်ရဲ့ ဘဝကို ရောင်ပြန်ဟပ်စေပါတယ်။

ဘဝမှာ အောင်မြင်ပျော်ရွှင်နေသူတိုင်းဟာ..

အရိုးရှင်းဆုံးနေထိုင်စိတ်ထားတတ်သူတွေ များပါတယ် ။