ဘ၀ကို ပြန်လည်ဆန်းစစ်ခြင်း။
 လူ့ဘ၀ကို ဖြတ်သန်းလာခဲ့ကြရာတွင် အကြမ်းအားဖြင့် အရွယ်သုံးပါးကို ဖြတ်သန်းကြရသည်။ တစ်နည်းဆိုရသော် ပထမအရွယ်၊ ဒုတိယအရွယ် ၊ တတိယအရွယ် တို့ကိုဖြတ်သန်းခဲ့ကြရသည်။
ပထမအရွယ်နှင့် ဒုတိယအရွယ်တို့ ၌ လူ့ဘ၀တွင် လှုပ်ရှားဆောင်ရွက်မှု၊ အမှု ကိစ္စများခြင်းသည် သဘာဝဖြစ်၏။ ပညာ၊ ဥစ္စာ ရှာဖွေစုဆောင်းသည့် ...ဘ၀...ကာလအပိုင်းအခြားလည်းဖြစ်သည်။ မိမိဘ၀ရပ်တည်ဖူလုံရေးအတွက် စိတ်ဇောသန်သန်ဖြင့် ရုန်းကန် လှုပ်ရှားရသော ကာလလည်းဖြစ်သည်။
္ဒထိုဘ၀အဆစ်အပိုင်းတွင် လူသည် အောင်မြင်မှုရနိုင်သကဲ့သို့ ဆုံးရှုံးမှုလည်းဖြစ်နိုင်သည်။ လူအများစုတို့၏ တစ်သက်တာ အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို အဆုံးအဖြတ်ပေးသည့် ဘ၀အပိုင်းအခြားလည်းဖြစ်လေသည်။
တတိယအရွယ်ရောက်သည့်အခါ အောင်မြင်မှုတို့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ မအောင်မြင်မှုတို့လည်း တက်ကြွသည့် အရှိန်အဟုန်လျှော့ပြီ။ ထိုအချိန်တွင် မိမိဘ၀ကို ပြန်လည်ရှုမျှော်သုံးသပ်မှုကိုပြုမိကြသည်။ ဇောပေါင်းများစွာ ကွာကျသွားသည့် တတိယအရွယ်သို့ရောက်မှသာ မိမိ ဘ၀ ကို ပြန်လည်ဆင်ခြင် စိတ်ဝင်လာလေ့ရှိသည်။
ဘ၀ကို ပြန်လည် သုံးသပ်ဆင်ခြင်ရာတွင် ဆင်ခြင်ပုံ ဆင်ခြင်နည်း နှစ်မျိုး နှစ်စားကွဲပြားနိုင်လေသည်။ အ ချို့က မိမိဘ၀၏ အောင်မြင်မှု၊ မအောင်မြင်မှုများကို ဆင်ခြင်သုံးသပ်သကဲ့သို့ အချို့က မိမိဘ၀တွင် ယခုကာလအထိ ဆောင်ရွက်ခဲ့သည်များကြားထဲမှ ပရဟိတ အဘယ်မျှပါသည်ကို ဆင်ခြင်သုံးသပ်သည်လည်းရှိမည်။ လူ့လောက အတွက် ပြောစမှတ်ပြုလောက်သည့်ဆောင်ရွက်မှု အဘယ်မျှပါမပါ ဆန်းစစ်ကြသည်လည်းရှိမည်။
မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းဖြင့် လူ့ဘ၀၏ တန်ဖိုးကို ပြန်လည် အကဲဖြတ်ကြပါစို့။
0 comments:
Post a Comment
ထိုထိုလူ
 ဘ၀မှာ…သင်ဆရာများစွာ ရှိသလို၊ ယခုလို သွားရင်းလာရင်းမှတ်သားစရာ၊ ဗဟုသုတများသင်ကြားပေးတဲ့ ကြားဆရာများလဲ
ရှိခဲ့ ပါတယ်။ ယခု ကြားဆရာတစ်ယောက်ပြောပြတဲ့ လူ့ အကြောင်းပြောပြပါမယ်။ ညခင်း ရုံးပိတ်ရက်လေးမှာ…ဆံပင်သွားညှပ်တော့၊
ဆိုင်မှာ…အန်တီကြီး တစ်ယောက်နဲ့ ဆုံမိတော့ ထွေရာလေးပါးပြောဆိုရင်း လောကတွင် လူ(၅)မျိုး ရှိတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။
ပထမတစ်မျိုးက အ၀တ်အစား ၀တ်ထားတဲ့ တိရိစ္ဆာန်သာသာလူစားတဲ့၊ အဲသလိုလူမျိုးတွေက အိပ်၊စား၊ကာမ ထိုသုံဝနဲ့ဘဲ ဘ၀ကို
အချိန်ကုန်နေကြ၊ တိရိစ္ဆာန်လိုပဲ စိတ်ကုးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့
တကယ်တမ်းမှာ အ၀တ်အစားဝတ်ထားတဲ့ တိရိစ္ဆာန်ပါတဲ့။
လူငါးမျိုးထဲမှာ အနိမ်ဆုံးမျိုးအစားလို့ သရုပ်ခွဲပြပါတယ်။
ဒုတိယတစ်မျိုးကတော့ ပထမထက် အနည်းငယ်သာပါသတဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေတဲ့။သည်အမျိုးအစားကတော့
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင် ရွက်ဖို့ ၀န်မလေးသူတွေပါတဲ့။
တတိယတစ်မျိုးကကျပြန်တော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘ၀ရပ်တည်မှုအတွက်အား
ထုတ်သူများပါတဲ့။သူတို့ကတော့ အတတ်ပညာ၊အသိပညာ၊ ၀ါသနာ၊အစွမ်းအစတစ်ခုခုကို ထုတ်သုံးပြီး ဘ၀ရပ်တည်ရေး အတွက်
ဆောင်ရွက်နေသူများဖြစ်ပါသတဲ့။သူတို့တွေကလည်း သူ့တို့ရပ်တည်မှုနဲ့ သူတို့ရဲ့ နေရာအတွက် ဘာကိုမဆိုလုပ်ကိုင်ဆောင်ရွက်ဖို့
ဝန်မလေးကြပြန်ဘူးတဲ့။
စတုတ္တတစ်မျိုးကတော့ စာရိတ္တမဏိုင်ကိုခိုင်အောင် ထိန်းသိမ်းသူများဖြစ်ပါတယ်။လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်ကိုဖြင့်
မလုပ်ဘူး၊ မိုးပြိုချင်ပြိုပါစေ၊ မတရားကတော့ မလုပ်ဘူးစသဖြင့် မိမိရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကိုအပွန်းအပဲ့မခံသူများဖြစ်ပါသတဲ့။
အဲ…နောက်ဆုံးတစ်မျိုးကတော့ သူတော်စင်များပါတဲ့။ မိမိရဲ့ ကိုယ်ကျိုးကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက်
ဆောင်ရွက်နေတာ၊ အများသူငါအပေါ် မေတ္တာစေတနာသန့်စင်စွာ ထားနိုင်တာ၊အတ္တအနည်းဆုံးနေနိုင်တာများနဲ့ပြည့်စုံနေသူ
သူတော်စင်များပါတဲ့။
အဲသလို(၅)မျိုးခွဲခြားပြသပေးတဲ့ အန်တီကြီး၏ စကားအဆုံးမှာ….ညခင်း ငိုင်ပြီးကျန်ရစ်ခဲ့ပါတယ်။သူ့စကားကို တနုံနုံစဉ်းစားနေမိတယ်။
အသေချာဆုံးကတော့ သူတော်စင်မဟုတ်တာပါ။ အတ္တမာန၊ဘ၀င်မိုးထိနေတဲ့ ပုထုဇဉ်တစ်ယောက်ပါ။ ဒါဖြင့် စတုတ္တတစ်မျိုးရော…ဒါလဲ ရဲရဲမပြောနိုင်ပြန်ဘူး။မျှတမှုကို ဂရုထားတတ်ပြီး၊ နိုင်လိုမင်းထက် မပြုချင်သူ ထဲပါတယ်လို့လဲ ထင်မိသေးတယ်။ တစ်ခါတစ်လေတော့လဲ ထင်ရာစိုင်းတဲ့အခါစိုင်းမိနဲ့…အော် ဟိုငြိ ၊ သည် ငြိပါလား………။
0 comments:
Post a Comment
ပန်းနုရောင်ဘဝ
 ငယ်ဘ၀ လေးနဲ့ လျှောက်လမ်းနေရတဲ့ ယခုဘ၀လေး နှိုင်းယှဉ်ကြည့်ရအောင်နော်…
ငယ်ကဆို…အပူအပင်မရှိ ဆော့လို့ကောင်းတုန်း ။ ဘာမှ သိပ်အများကြီး မသိသေး။ ဘာမှလည်း မစဉ်းစားတတ်။ လူငယ်ဘ၀ အရသာအပြည့် လွတ်လပ်ခြင်းတွေနှင့် ပျော်ရွှင်လို့၊ ဘ၀ဆိုတာလည်း ဘာမှန်းပင် မသိနိုင်အောင်။
လူတွေကလို့ ….သိမ်းကျုံး ရစ်ပတ်နာကျင်စွာ မဖွင့်အန်တတ်သေး…
ပီတိ ကလေးဘ၀…
ပျော်စရာကိုသာတွေး….
ပျော်စရာကိုသာ ရွေးတတ်ခဲ့ချိန်တွေ။
အခုတော့ လုပ်ငန်းခွင်ထဲမှာ ဘ၀တတ်လမ်း အတွက် စီးမျော၊ ပညာနှင့် ဥစ္စာနောက် ကောက်ကောက်ပါအောင် လိုက်နေကြရတဲ့ ဘ၀ထဲမှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း အရသာတွေ ပျောက်ဆုံးခဲ့ပါပြီ။
ကြမ်းတမ်းတဲ့ လောကဓံ။
ခက်ခဲ ကျပ်တည်းတဲ့ လူမှု ဆက်ဆံရေးများ အကြား ဘ၀နှင့် ဆန္ဒဟာ ထပ်တူမကျခဲ့ပါ။
အသားမကျခြင်းတွေနှင့်ပဲ အသားတကျ ပျော်ဝင်ရင်း လူကြီးဖြစ်ခဲ့ရပြီ။
လောကဓံလှိုင်းတွေ…နဲ့ဆုံတွေ ရတိုင်း ငယ်ဘ၀ လေးပြန်ရချင်မိတယ်။
ရတော့ဘူးနော်…
0 comments:
Post a Comment
ငါ့ကြောင့်မဟုတ်
ဒီမြေပေါ် ရေတစ်စက် စ ချသူဟာ ငါ ဖြစ်တယ်…။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီနေရာမှာ သမုဒ္ဒရာ…. တစ်ခု ဖြစ်လာရင်တော့ ငါ့ကြောင့် မဟုတ်ဘူး။
ဒီတောင်ကမူလေးပေါ် ကျောက်ခဲလေး တစ်ခဲကို မီးစွဲအောင် စလုပ်သူဟာ ငါဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီတောင်ကမူလေး မီးတောင်ကြီးတစ်ခုဖြစ်လာပြီး ထပေါက်ကွဲရင်…ငါကြောင့် မဟုတ်ဘူး..။
ဟော….အတောင်ပံမဲ့နေတဲ့ အဖော်မဲ့ ငှက်ကလေးတစ်ကောင်ကို အတောင်ပံတွေ ပေးတာငါဖြစ်တယ်။ ဒါပေမယ့် တစ်ချိန် ချိန်မှာ ဒီဒေသ ငှက်မဲ့ဒေသ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားရင် ငါ့ကြောင့်မဟုတ်ဘူး။
အေး….နွေသစ်ခက်ကို ရွက်နုတစ်ရွက်ပေးသူဟာလည်း ငါပဲ ဖြစ်တယ်။ အဲဒီရွက်နုတစ်ရွက်ကြောင့် ခြောက်သွေ့ပြီး တောပြုန်းတဲ့ ဒီနေရာမှာ တစ်ချိန်ချိန် စိမ်းလန်း ဝေဆာပြီး သာယာတဲ့ ဥယျာဉ်ကလေးတွေ ပေါ်လာရင် အေးမြတဲ့ စမ်းချောင်းကလေးတွေ ပေါ်လာရင် ငှက်ကလေးတွေ သီချင်းဆိုတိုင်း ပန်းပွင့်ကလေးတွေ …ထ. ကရင်…
ဟုတ်ပြီနော်…။ ဟိုတစ်ချိန်က မရဖူးတဲ့ ချိုမြန်မှုတွေ အခုဒီနေရာမှာ ပြန်ရလာရင်လည်း…..
ငါ့ကြောင့်မဟုတ်……
0 comments:
Post a Comment
အပြစ် မပြောချင်နဲ့
လူတစ်ယောက်က ကြက်တူရွေးကို ၀ယ်ခဲ့ပြီး အိမ်မှာလွတ်လပ်စွာ မွေးထားလိုက်တယ်။ ဒီကြက်တူရွေးက အလွန်ယဉ်ပါးတယ် ဆိုပဲ။
တစ်နေ့မှာ ကြက်တူရွေးဟာ မီးလင်းဖိုအထက်နားမှာ နားရင်း သာယာစွာ သီချင်းဆိုနေတာပေါ့။ အိမ်မှာမွေးထားတဲ့ ကြောင်က မြင်သွားလို့ မင်းဘယ်သူလဲ ဘယ်ကလာ သလဲလို့မေးလိုက်တယ်။
ကြက်တူရွေးကလည်း အိမ်ရှင်က ၀ယ်ခဲ့တယ် လို့ဖြေတယ်။
မင်းဟာ အတော် အတင့်ရဲ့တာပဲ။ ဒီ အိမ်ကို အခုမှလည်းရောက်လာသေးရဲ့။ ဒီလောက်ဆူဆူညံညံ သီချင်းဆိုရသလား။ ငါဟာ ဒီအိမ်မှာ မွေးတဲ့ ကြောင်ပဲ။ ဒါတောင် ငါအော်ခွင့် မရဘူး။ ငါ့အော်သံကို ကြားရင် သူတို့စိတ်ဆိုးပြီး အိမ်က နှင်လိုက်မှာ သေချာတယ်…လို့ ကြောင်ကပြောတာပေါ့။
ဒါနဲ့ ကြက်တူရွေးက ပြန်ပြောတယ်။
ဒါဝမ်းနည်းစရာပဲ။ ကျုပ်အကြံပေးချင်တာက ကျုပ်လို အသံကောင်းဖို့ ခင်ဗျား အများကြီးကြိုးစားရလိမ့်မယ်။ ခင်ဗျားရဲ့ အသံနဲ့ ကျုပ်ရဲ့ အသံဘယ်လိုကွားခြားသလဲ ဆိုတာ သိတယ် မဟုတ်လား။ ဒီအိမ်ရှင် မိသားစုက ခင်ဗျားရဲ့အသံကို မကြားချင်ပေမယ့် ကျုပ်အသံကို သဘောကျ ကြတယ်ဗျ တဲ့။
(ကိုယ့်ချို့ယွင်းချက်လည်းမသိ၊ သူများ အားသာချက်ကိုလည်း မသိတဲ့သူတွေ ရှိတယ် ဆိုကြောင်းပြထားတဲ့ ပုံပြင်ပါ။)
0 comments:
Post a Comment
သုံးကောင်ဖြစ်သွားမယ်။
 အင်းဝခေတ် တောင်ဖီလာဆရာတော်ကြီးသည် ခွေးများကို အစာကျွေးနေရင်းက ကြီးသောခွေးက ငယ်သော ခွေးကို အနိုင်ကျင့်ပြီးကိုက်သောအခါ တဟဲ့ဟဲ့ဖြင့် မောင်းနေရ၏။ တစ်ချို့ခွေးကြီးများကား ဘယ်လောက်ပင်မောင်း မောင်း မရ၊ ပို၍သာ ဆိုးလာ၏။ ထိုအခါ ဆရာတော်ကြီးသည် စိတ်တိုသွား သဖြင့် တောင်ဝှေးကို ကိုင်မြှောက်လိုက်ရင်း ...
...တယ်........ဒီခွေးတွေ ရိုက်လိုက်ရ ငါပါ သုံးကောင်ဖြစ်သွားရော မယ်......ဟု ညည်းတွားရှာလေသည်။
ယခုလည်း ဆုတ်ကပ်ခေတ်ကြီးတွင် မကောင်းသော သူများကသာ များများလာသောအခါ အနည်းစုဖြစ်သော လူကောင်းများက မထူးပါဘူးကွား၊ သူများမိုးခါးရေသောက် ကိုယ်လည်းသောက်တာပဲ ကောင်းပါတယ်ဆိုပြီး မကောင်းတာကို လုပ်မိကြသူကများ၏။ ထိုသူမျိုးကား မိမိကိုယ်ကို သုံးကောင်ဖြစ်စေသူများသာ ဖြစ်၏။
ချစ်ခင်လေးစားလျှက်...
ညခင်း
0 comments:
Post a Comment
          ပန်းရန်သုံးယောက် အကြောင်း နှင့် လူ ၅မျိုး။
ကလေးအရွယ်မှာတော့ ကစားတာပဲ သိသပေါ့။ အရွယ်ရောက်လာရင်တော့ အလုပ်လုပ်ရတယ်မဟုတ်ပါလား။ အလုပ်လုပ်တယ်ဆိုတာ လူလားမြောက်ကြောင်းပြတဲ့ အထင်ရှားဆုံးသင်္ကေတ ဆိုတဲ့စကားကိုလည်း မှတ်သားရဖူးပါတယ်။
အလုပ်နှင့်ပတ်သက်၍ မှတ်သားထားဖူးတာလေးများ ကို ပြန်ပြောပြပါရစေ....
ပန်းရန်သုံးယောက် အကြောင်း.............
ပထမ ပန်းရန်ကိုမေးသည်။ ဘာလုပ်နေသလဲ ပန်းရန်က မော့၍မျှပင်မကြည့်ပဲ ကျုပ် အုတ်စီနေတာ ဟူ၍ ပေါ့ပေါ့တန်တန်ဖြေ၏။
ဒုတိယ ပန်းရန်ကမူ အနည်းငယ် အလေးထားသော ပုံစံမျိုးဖြင့် နံရံတစ်ခု လုပ်နေတယ် ဟူ၍ ဖြေသည်။
တတိယ ပန်းရန်ကမူ ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် စိတ်အားထက်သန်စွာ ဖြေသည်။ ကျုပ်က ဘုရားကျောင်းတော်ကြီး တည်နေတာဗျ..။
အလုပ်လုပ်တာချင်းအတူတူ အလုပ်၏ ရည်ရွယ်ချက်ကို တိတိပပ ပြောနိုင်သူသည်သာလျှင် သူတစ်ပါးထက်ထူး၏။ အလုပ်ချင်း အတူတူ စေတနာထားတာချင်းကွာ၍ ရည်ရွယ်ချက်ခြင်း ကွာ၍ တန်ဖိုးခြင်း လည်းကွာသည်။
လောကတွင် လူ ၅မျိုးရှိသည်။ ယင်းတို့မှာ-
၁။ အလုပ်ရှောင်သူ။ ။ ထိုသူသည် အထက်လူကြီးများ မသိအောင် အလုပ်ခိုကပ်နေသူဖြစ်သည်။
၂။အလုပ် အ သူ ။ ။ ထိုသူသည် မိမိတကယ်နားမလည်သော်လည်း နားလည်သကဲ့သို့ ဟန်ဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။
၃။ အလုပ် ပျင်းသူ ။ ။ ထိုသူသည် အလုပ်လုပ်ရန်ပျင်းရိသောကြောင့် ဆင်ခြေအမျိုးမျိုးပေး နေသူဖြစ်သည်။
၎။ အလုပ်လိမ်သူ။ ။ ထိုသူသည် အလုပ် ဆယ်ပြားတန်လုပ်၍ တကျပ်တန် အခတောင်းတတ်သော လူမျိုးဖြစ်သည်။
၅။ အလုပ်အားမကိုးသူ။ ။ ထိုသူသည် မိမိကိုယ်ကို မိမိအားမကိုးပဲ သူတစ်ပါး၏ နှားခေါင်းနှင့်အသက်ရှူသော လူမျိုးဖြစ်သည်။
အဆိုပါ ရှောင်သူ ၊ အသူ၊ ပျင်းသူ ၊ လိမ်သူ၊ အားမကိုးသူများ၏ အကြားမှ----တာဝန်ဟူသမျှကို ထမ်းရွက်ခြင်းအလုပ်ကို မခိုမကပ်လုပ်ကိုင်ခြင်း မိမိအလုပ် လုပ်သမျှနှင့် ထိုက်တန်သော အဖိုးအခကို သာ တောင်းခြင်း၊ စိတ်ပျက်ခြင်းများကို တိုက်ခိုက်၍ စိတ်ပျော်ခြင်းများကို လက်ခံခြင်းစသော အရည်အချင်းများနှင့်ပြည့်စုံသည့် အလုပ်သမားကောင်းဖြစ်ဖို့ကြိုစားကြပါစို့လို့......
ချစ်ခင်လေးစားလျှက်...
ညခင်း
0 comments:
Post a Comment
အကျည်းတန်သော ဘဲကလေး
 ငယ်ငယ်က ပုံပြင်လေး တစ်ခု........
ဟင်ဒါဆင်၏....အကျည်းတန်သော ဘဲကလေး ပုံပြင် ပါ....။
နို့အိုးတိုက်မိသော အပြစ်ကြောင့် ကြောက်အားလန့်အားနှင့် အိမ်မှထွက်ပြေးရသော ဘဲကလေး၊ လယ်တောထဲ ရောက်သွားသည်။ ကိုင်းပင်တွေကြားထဲ ရေစပ်စပ်မှာ ပုန်းနေစဉ် အမဲလိုက် ခွေးကြီးနှင့် တွေ့ရသည်။ အမဲလိုက်ခွေးကြီးက သူကိုမြင်တော့ ပါးစပ်ကြီးကို ဖြဲပြပြီး ကိုက်မစားပဲ ထွက်သွားသည်။ ဘဲကလေးမှာ အလွန်ကြောက်ရွံ့ပြီးစိတ်ဓာတ်အကျကြီး ကျနေချိန်ဖြစ် ၍ သူ့ကို မကိုက်ဘဲ ထွက်သွားသော ခွေးကြီးကို မြင်သော အခါ.........
ငါ့နှယ် အကျည်းတန်လွန်းလို့ ခွေးကြီးကတောင် မစားချင်ဘူး ဟု သူ့ကိုယ်သူ တွေးမိသည်။
ဒီပုံပြင်လေးကိုဘာလို့နှစ်သက်မိလည်းဆိုရင်...လူရယ်လို့ဖြစ်လာကတည်းက...ငွေဇွန်းကိုက်ခါ ရွှေလင်ပန်းနှင့် အချင်းဆေး၊ ပန်းမွေ့ရာ ရွှေကော်ဇော အဆင်သင့်ခင်းပေးမဲ့ဘ၀မျိုးမဟုတ်ခဲ့ဘူးလေ။ ကိုယ်လမ်းကို ထွင် ကစဥ့်ကရဲ အိုးနင်းခွက်နင်း ၀င်ရောက်လာရင်း၊ စိတ်ဓာတ်ကျစရာများကြုံတွေ့လာရပါတယ်။ထိုအခါတိုင်း ပုံပြင်ထဲ က ဘဲလေးကို သွားသတိရမိလို့ပါပဲ။
ညခင်း ဆားချက်ပြီ...ရေးစရာ က လက်ကုန်နေပြီလေ။ ဟီးးးးဟိ
ညခင်း
0 comments:
Post a Comment
ဘ၀ကို ပြန်လည်ဆန်းစစ်ခြင်း။
  လူ့ဘ၀ကို ဖြတ်သန်းလာခဲ့ကြရာတွင် အကြမ်းအားဖြင့် အရွယ်သုံးပါးကို ဖြတ်သန်းကြရသည်။ တစ်နည်းဆိုရသော် ပထမအရွယ်၊ ဒုတိယအရွယ် ၊ တတိယအရွယ် တို့ကိုဖြတ်သန်းခဲ့ကြရသည်။
ပထမအရွယ်နှင့် ဒုတိယအရွယ်တို့ ၌ လူ့ဘ၀တွင် လှုပ်ရှားဆောင်ရွက်မှု၊ အမှု ကိစ္စများခြင်းသည် သဘာဝဖြစ်၏။ ပညာ၊ ဥစ္စာ ရှာဖွေစုဆောင်းသည့် ...ဘ၀...ကာလအပိုင်းအခြားလည်းဖြစ်သည်။ မိမိဘ၀ရပ်တည်ဖူလုံရေးအတွက် စိတ်ဇောသန်သန်ဖြင့် ရုန်းကန် လှုပ်ရှားရသော ကာလလည်းဖြစ်သည်။
္ဒထိုဘ၀အဆစ်အပိုင်းတွင် လူသည် အောင်မြင်မှုရနိုင်သကဲ့သို့ ဆုံးရှုံးမှုလည်းဖြစ်နိုင်သည်။ လူအများစုတို့၏ တစ်သက်တာ အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို အဆုံးအဖြတ်ပေးသည့် ဘ၀အပိုင်းအခြားလည်းဖြစ်လေသည်။
တတိယအရွယ်ရောက်သည့်အခါ အောင်မြင်မှုတို့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ မအောင်မြင်မှုတို့လည်း တက်ကြွသည့် အရှိန်အဟုန်လျှော့ပြီ။ ထိုအချိန်တွင် မိမိဘ၀ကို ပြန်လည်ရှုမျှော်သုံးသပ်မှုကိုပြုမိကြသည်။ ဇောပေါင်းများစွာ ကွာကျသွားသည့် တတိယအရွယ်သို့ရောက်မှသာ မိမိ ဘ၀ ကို ပြန်လည်ဆင်ခြင် စိတ်ဝင်လာလေ့ရှိသည်။
ဘ၀ကို ပြန်လည် သုံးသပ်ဆင်ခြင်ရာတွင် ဆင်ခြင်ပုံ ဆင်ခြင်နည်း နှစ်မျိုး နှစ်စားကွဲပြားနိုင်လေသည်။ အ ချို့က မိမိဘ၀၏ အောင်မြင်မှု၊ မအောင်မြင်မှုများကို ဆင်ခြင်သုံးသပ်သကဲ့သို့ အချို့က မိမိဘ၀တွင် ယခုကာလအထိ ဆောင်ရွက်ခဲ့သည်များကြားထဲမှ ပရဟိတ အဘယ်မျှပါသည်ကို ဆင်ခြင်သုံးသပ်သည်လည်းရှိမည်။ လူ့လောက အတွက် ပြောစမှတ်ပြုလောက်သည့်ဆောင်ရွက်မှု အဘယ်မျှပါမပါ ဆန်းစစ်ကြသည်လည်းရှိမည်။
မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းဖြင့် လူ့ဘ၀၏ တန်ဖိုးကို ပြန်လည် အကဲဖြတ်ကြပါစို့။
ပျော်ရွှင်ကြပါစေ...
0 comments:
Post a Comment
  အဖေ
၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅နှစ်.......ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။
၆နှစ်.......ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈နှစ်.......တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
၁၀နှစ်......အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်သိပ်ကြီးပြီိဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
၁၄နှစ်......အဖေတော့ ထည့်ပြောမနေနဲ့ ၊သူက ရှေး ရိုးသမားကြီး။
၂၁နှစ်.....အဘိုးကြီးလား.....ထားပါ။ အောက်နေပြီ။ လုံးဝအောက်နေပြီ။
၂၅နှစ်.....အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်။ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။
၃၀ နှစ်....အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ်.....အဖေနဲ့ တိုင်ပင်ပြီးမှ ပဲ ဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။
၄၀....အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်။ အမြော်အမြင်လည်းရှိတယ်။
၅၀.....ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်။ တကယ်ဆို ငါ့အဖေဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
ဖေမြင်(့ နှလုံးသားအာဟာရ)စာအုပ်လေးမှ ဘာသာပြန် ရသ စာလေးဖြစ်ပါတယ်။အဖေ ဆိုတဲ့ စာလေးကိုဖတ်လိုက်ရတော့ မကြာသေးခင်က ကွယ်လွန်သွားသော အဘိုးဖြစ်သူအား သတိရသွားပါတယ်။ ဒီစာထဲကလိုပဲ အဘိုးရှိတုန်း ...သူ့ရှိက ပညာတွေ အများကြီး ရလိုက်အောင် ကြီုးစားသင့်တယ်လို့ နောင်တ ရမိတယ်။
0 comments:
Post a Comment
                        ............စိတ်ချမ်းသာ..........
 စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်တဲ့ သူငယ်ချင်းတို့ရေ။ ဒါပေမယ့် ကိုယ်ချမ်းသာတိုင်းတော့ စိတ်က ကျန်းမာချင်မှ
ကျန်းမာလိမ့်မယ်။
ချမ်းသာ တယ်ဆိုတာ ဘာကို ခေါ်တာလဲ။ သူငယ်ချင်းတို့ သိထားတဲ့ ချမ်းသာခြင်းဆိုတာ ငွေကြေးနဲ့တိုင်းတာထားတဲ့
သတ်မှတ်ချက်ဖြစ်တယ်။
ပြည့်စုံကြွယ်ဝ တင့်တယ်လှပတဲ့ ဘ၀အခြေအနေကို ချမ်းသာတယ်လို့ သုံးနှုံးလေ့ ရှိကြတယ်နော်။
ကဲ…ဒါဖြင့် စိတ်ချမ်းသာတယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုကြမလဲ။ စိတ်ဆန္ဒတွေ ပြည့်စုံပြီး ကြံစည်သမျှ
အောင်မြင်လိုသမျှ ဖြည့်ဆည်းနိုင်တဲ့ မျက်ရည်ကင်းသော ဘ၀ကို စိတ်၏ ချမ်းသာခြင်းသုခ ခံစား ရတယ်လို့ ပြောရလိမ့်မယ်။
မိမိစိတ်ထဲက ဖြစ်ချင်တဲ့အရာ၊ လိုချင်တဲ့အရာ တွေဖြစ်လာရတဲ့အခါ ဘယ်လောက် စိတ်ချမ်းမြေ့ စရာကောင်းသလဲနော်။
အဲဒါကို ငွေနဲ့ ၀ယ်လို့ရမယ်လို့ သူငယ်ချင်းတို့ မထင်လိုက်လေနဲ့။
ငွေပုံပေါ်မှာ ထိုင်နေပြီး စိတ်ချမ်းသာခြင်းသုခကို မရရှိနိုင်ကြသူတွေ လောကမှာ အများကြီးရှိတယ် သူငယ်ချင်းတို့ရ။
မေတ္တာ၊ အကြင်နာ၊ စေတနာတွေကို ငွေနဲ့ဝယ်လို့ မရသလို ငွေနဲ့တန်ဖိုးဖြတ်လို့လည်း မရဘူး။ အဲဒီအရာ တွေဟာ
စိတ်ချမ်းသာမှု အတွက် လိုအပ်သော ဆေးဝါး တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ငွေနဲ့ သွေးဆေးလို့ ဘယ်တော့မှ
မရနိုင်ဘူးပါဘူး။
ဒါကြောင့် လူ့ဘ၀ အရေအကြီးဆုံးငွေမဟုတ်ဘူးဆိုတာကို လက်ခံလားဟင်…
စိတ်ချမ်းသာမှုရှိစေဖို့ မေတ္တာသည်သာ အရေးအပါဆုံး ဖြစ်တယ်။ လူတိုင်းအပေါ် မေတ္တာထားတတ် ကြရမယ်လို့
0 comments:
Post a Comment
.နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း
နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား                                                      အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။                                                                           ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် …
နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ….
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား                                                             နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော                               “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော
ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော                 ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”
- ဟု ခေါ် ဝေါ်ကြသည်။
(၂၈) ဆူသော ဘုရားများရေတွက်ပုံ
” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၄) ဆူ
” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ
” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၅) ဆူ
သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန်                                   ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော                                                        ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက်                                                 ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။
ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ
၁) တဏှင်္ကရာ ဘုရားရှင်
၂) မေဓင်္ဂရာ ဘုရားရှင်
၃) သရဏှင်္ဂရာ ဘုရားရှင်
၎) ဒီပင်္ကရာ ဘုရားရှင်
၅) ကောဏ္ဍည ဘုရားရှင်
၆) မင်္ဂလ ဘုရားရှင်
၇) သုမန ဘုရားရှင်
၈) ရေ၀တ ဘုရားရှင်
၉) သောဘိတ ဘုရားရှင်
၁၀) အနောမဒဿီ ဘုရားရှင်
၁၁) ပဒုမ ဘုရားရှင်
၁၂) နာရဒ ဘုရားရှင်
၁၃) ပဒုမုတ္တရ ဘုရားရှင်
၁၄) သုမေဓာ ဘုရားရှင်
၁၅) သုဇာတာ ဘုရားရှင်
၁၆) ပိယဒဿီ ဘုရားရှင်
၁၇) အတ္ထဒဿီ ဘုရားရှင်
၁၈) ဓမ္မဒဿီဘုရားရှင်
၁၉) သိဒ္ဓတ္ထ ဘုရားရှင်
၂၀) တိဿ ဘုရားရှင်
၂၁) ဖုဿ ဘုရားရှင်
၂၂) ၀ိပဿီ ဘုရားရှင်
၂၃) သိခီ ဘုရားရှင်
၂၄) ဝေဿဘူ ဘုရားရှင်
၂၅) ကကုသန် ဘုရားရှင်
၂၆) ကောဏဂုံ ဘုရားရှင်
၂၇) ကဿပ ဘုရားရှင်
၂၈) ဂေါတမ ဘုရားရှင်
0 comments:
Post a Comment
....... သစ္စာလေးပါး ....
....... သစ္စာလေးပါး ....
(၁) ဒုက္ခသစ္စာ
မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။           တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။                     ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို                                       သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော                                             ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ-                         ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။                                                                               (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)
(၂)သမုဒယသစ္စာ
နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ                ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။                                    တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။                                         နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊                                ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ                       အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊                          ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊                  ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊                                                      ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။                                   ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို                               စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို                       အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒယ သစ္စာပင်တည်း)
(၃)နိရောဓသစ္စာ
နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊                                မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့                                  ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊                                             သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့                                        ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့                                                အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို                                          ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။                                                              ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)
(၄)မဂ္ဂသစ္စာအဖြေ
သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာယချုပ်ခြင်း သို့ရောက်သော                         အကျင့်ဟု ခေါ်သည်။
သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။
0 comments:
Post a Comment
“ဗုဒ္ဓ ၏ အံ့သြဖွယ် မိန့်ခွန်းတော်”
“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊
မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့
ပါသည်။
အိန္ဒိယနိုင်ငံ၊ကောသလတိုင်း၊ကေသမုတ္တိရွာသား၊ကာလာမလူမျိုးတို့ကိုဟောကြား
သော“ကာလာမသုတ္တန်”သည်“အမှန်တရားကိုရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်း
ညွှန်ချက်”တရားတို့ပင်ဖြစ်သည်။
ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင်မှုန်ဝါးနေသူကို အလင်း
ရောင်ခြည်ရစေသော“မီးရှုးတန်ဆောင်ပမာ”ဖြစ်ပါသည်။ဘာသာရေးထုံးတမ်းစဉ်လာကြားတွင်
တွေဝေငေးမောနေသူများကို သစ္စာတရားလမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်
အောင် လမ်းဖွင့်ပေးလိုက်သော ကြည်လင်ချိုမြသည့်“ဓမ္မခေါင်းလောင်းသံ”လည်းဖြစ်ပေသည်။
ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ……
“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊
သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်
ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။
(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြားသိမှတ်လာခဲ့တာပဲ
လို့“ရှေးစကား”ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။
(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ”ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်
တယ် လို့ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃) လူအများကပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား“နာမည်ကျော်ကြားရုံ”နဲ့
မစုံစမ်းမဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။
(၄) “ရှေးဟောင်းစာပေကျမ်းဂန်”တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်
တကူ လက်မခံလိုက်ပါနဲ့ဦး။
(၅) မိမိဥာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ”ကိုလည်းပဲ မှန်လှပြီ လို့မသတ်
မှတ် လိုက်ပါနဲ့ဦး။
(၆) အဲဒီတရားအယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ”တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။
(၇) မိမိဘာသာ“တွေးခေါ်ကြံစည်ဆင်ခြင်ပြီး”။ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။
(၈) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစားတွေးတောထားတာတွေနဲ့“တူညီတာပဲ”
ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။
(၉) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး”ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း
မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။
(၁၀) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့“ငါတို့ဆရာသမား”ပြောကြားတဲ့စကားပဲ ဆိုပြီတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။
“ကာလာမ လူမျိုးတို့……
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…..
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား..အကျိုးမဲ့အပြစ်ကိုသာဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်းမဟုတ်သောတရား
တို့ပေတည်း……ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကိုစွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ….ဟု
ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။
“ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်…
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ငရဲ သို့ကျရောက်စေရမည်။”…ဟုခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်……”
“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ ….
သစ္စာ(၄)ပါး၊မဂ္ဂင်(၈)ပါး..တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ”…ဟု..
ဟောကြားရဲခြင်းသည်…
ဓမ္မ၏မြင့်မြတ်မှန်ကန်သော..ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ကမ္ဘာပေါ်ရှိဘာသာအယူဝါဒမျိုးစုံတို့
အတွက် “အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။
ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်“-“ဓမ္မရသ စာစုများ”အမှတ်(၂)၊(စာ-၁၄)
0 comments:
Post a Comment
ကဆုန်လတွင် ဗုဒ္ဓနှင့်ထူးခြားချက်များစွာဖြစ်ခဲ့သည်
( ဗျာဒိတ် ၊ ဖွါးမြင် ၊ ဗောဓိပင် ၊ ဟောမြွတ်ဗုဒ္ဓ၀င် - စံဝင်နန်းနိဗ္ဗြူ ) ဆိုသည့်အတိုင်း
၁၊ဂေါတမဗုဒ္ဒဘုရားအလောင်းတော်သည်ဒီပင်္ကရာဘုရားထံတွင် နောင်   လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတွင်ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟုနိယတဗျာတိတ်     ခံယူတော်မူခဲ့သည်မှာ ကဆုန်လပြည့်နေ့ဖြစ်သည့်၊ ( လေးသင်္ချေသိန်းတစ်သိန်းကပ်ကြုံ         သုမေဓါလောင်းညွှန်ပြောင်းဗွတ်အုံ၊ ဒီပင်ထံပါးဝမ်းလျားမှောက်ခုန်ဆုပန်နေ့လပြည့်နွေကဆုန်) 
၂၊ဤဘဒ္ဒကမ္ဘာတွင်မဟာသက္ကရဖ်၆၈ခုနှစ်ကဆုန်လပြည်နေ့တွင်                                  ဂေါတမမြတ်စွာ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားဖွါးမြင်တော်မူသည်၊ (မဟာသက္ကရဇ်၆၈ကြုံလုံဗ္ပနီတောသာမောရဂုံမာယာမယ်     ဖျားပတ္တမြားနှုတ်ငုံဖွါးမြင်နေ့လပြည့်နွေကဆုန်)
၃၊မဟာသက္ကရဇ်၁၀၃ခုနှစ်ကဆုန်လပြည့်နေတွင်   ဗောဓိပင်တွင်မန်ငါးပါးကိုအောင်မြင်တော်မူ၍သဗ္ဗညုတဥာဏ်တော်ကို          ရပြီးဘုရားဖြစ်တော်မူသည်၊ (၁၀၃နှစ်သက္ကရဇ်ကြုံဥရုဝေလသာစွရဂုံမန်စွယ်ငါးစင်း နိမ်နင်းအကုန်-ဗုဒ္ဓ နေ့လပြည့်နွေကဆုန်)
၎၊မြတ်စွာဘုရားသည်သက္ကရဇ်၁၀၄ခုနှစ်တွင်ကာဠုဒါရီမထေမြတ်   တောင်းပန်လျောက်ထားချက်အရခမည်းတော်သုဓ္ဒေါနမင်းကြီးရှိရာ ကပ္ပိလ၀တ်ပြည်သို့နှစ်လခရီးဖြင့် ဒေသစာရီကြွချီတော်မူပြိးခမည်းတော်အား ဘုရား၏ဖြစ်စဉ်ဗုဒ္ဓ၀င်ကို ဟောတော်မူသည်)
(တရာ့လေးနှစ်သက္ကရဇ်ကြုံကပ္ပိလနန်းကြွမြန်းခိုလှုံဗုဒ္ဓ၀င်ဇာတ်ဟောလတ်အဖုံဖုံ -ပြန်လည်တွေ့လပြည့်နွေကဆုန်)
၅၊မဟာသက္ကရဇ်၁၄၈ခုနှစ်ကဆုန်လပြည့်နေ့တွင်မာလာမင်းတို့၏ဥယျာဉ်တွင်     ပရိနိဗ္ဗာန်စံဝင်တော်မူသည်             (ရာ လေးဆယ့်ရှစ်သက္ကရဇ်ကြုံမာလာမင်းတို့အင်ကြင်းရဂုံနိဗ္ဗာန်ကြွလို့ ဘ၀ဇာတ်ခုံသိမ်းသောနေ့လပြည့်နွေကဆုန်)
ဤကဲ့သို့ကဆုန်လတွင်ဗုဒ္ဓနှင်ပက်သက်၍ထူးခြားချက်  များစွာဖြစ်ခဲ့သဖြင့်ကဆုန်ကိုထူးခြားသောလအဖြစ်သတ်မှတ်၍ သာမောဘွယ်အစုံစုံနွေကဆုန်ဟုလည်းတင်စားထားခဲ့ကြသည်၊
0 comments:
Post a Comment
....... မိဘကျေးဇူးအကျေဆပ်နည်း .......
Posted by မေတ္တာစမ်းရေ
0 comments:
Post a Comment
မျှော်လင့်ချက်က.. လူကိုတက်ကြွရှင်သန်စေပါတယ်..
ဒီလမ်းက..
ကိုယ့် အတွက် အန္တရယ်ရှိတယ်ဆိုရင်..
မသွားလိုက်တာကောင်းပါတယ်..
ဒီအတွေးက..
ကိုယ့် ကို စိတ်ဆင်းရဲနာကျင်စေတယ်ဆိုရင်.
.မတွေးတော့ တာကောင်းပါတယ်..
ဒီစကားက..
သူတစ်ပါးကို ထိခိုက်နာကျင်စေတယ်ဆိုရင်..
မပြောဘဲနေလိုက်တာ ပိုကောင်းပါလိမ့်မယ်..
 ချိုသာတဲ့  အပြုံးလေးတစ်ပွင့်..
နွေးထွေးတဲ့  စကားလေးတစ်ခွန်းက..
ကိုယ့် အတွက် တစ်ပြားတစ်ချပ်မှ..
မကုန်ကျပေမယ့် ..
လက်ခံရလိုက်သူ အဖို့ မှာတော့ ..
အဖိုးမဖြတ်နှိုင်လောက်အောင်..
တန်ဖိုးရှိနေနိုင်ပါတယ်...
မျက်ဝန်းအကြည့်တစ်ချက်က..လူတစ်ယောက်ရဲ့ မျှော်လင့်ခြင်းတွေကို
ရှင်သန်နိုးကြားစေနှိုင်သလို..
အဲဒီမျက်ဝန်းကပဲ..
လူတစ်ယောက်ရဲ့ ..မျှော်လင့်ခြင်းတွေကို
ကစဥ့်ကလျားပြိုကျပျက်စီးစေနှိုင်စွမ်းရှိပါသေးတယ်...
မျှော်လင့်ချက်က.. လူကိုတက်ကြွရှင်သန်စေပါတယ်..
ယုံကြည်ချက်က.. လူကိုအောင်မြင်ပျော်ရွှင်စေပါတယ်..
ခင်မင်ခြင်းက.. လူကိုလှိုက်လှဲနွေးထွေးစေပါတယ်..
ချစ်မြတ်နိုးခြင်းက.. ဘဝကိုမက်မောတွယ်တာစေပါတယ်..
0 comments:
Post a Comment
အရိုးရှင်းဆုံးဘဝဟာ ပျော်စရာအကာင်းဆုံးပါ
အရိုးရှင်းဆုံးဘဝဟာ ပျော်စရာအကာင်းဆုံးပါ...။
စိတ်ရှင်းရင် ဘဝလည်းရှင်းပါတယ်...။
ကိုယ်ရဲ့ စိတ်က ကိုယ့်ရဲ့ ဘဝကို ရောင်ပြန်ဟပ်စေပါတယ်။
ဘဝမှာ အောင်မြင်ပျော်ရွှင်နေသူတိုင်းဟာ..
အရိုးရှင်းဆုံးနေထိုင်စိတ်ထားတတ်သူတွေ များပါတယ် ။
0 comments:
Post a Comment
dd
0 comments:
Post a Comment