ငယ်ငယ်က ပုံပြင်လေး တစ်ခု........
ဟင်ဒါဆင်၏....အကျည်းတန်သော ဘဲကလေး ပုံပြင် ပါ....။
နို့အိုးတိုက်မိသော
အပြစ်ကြောင့် ကြောက်အားလန့်အားနှင့် အိမ်မှထွက်ပြေးရသော ဘဲကလေး၊ လယ်တောထဲ
ရောက်သွားသည်။ ကိုင်းပင်တွေကြားထဲ ရေစပ်စပ်မှာ ပုန်းနေစဉ် အမဲလိုက်
ခွေးကြီးနှင့် တွေ့ရသည်။ အမဲလိုက်ခွေးကြီးက သူကိုမြင်တော့ ပါးစပ်ကြီးကို
ဖြဲပြပြီး ကိုက်မစားပဲ ထွက်သွားသည်။ ဘဲကလေးမှာ
အလွန်ကြောက်ရွံ့ပြီးစိတ်ဓာတ်အကျကြီး ကျနေချိန်ဖြစ် ၍ သူ့ကို မကိုက်ဘဲ
ထွက်သွားသော ခွေးကြီးကို မြင်သော အခါ.........
ငါ့နှယ် အကျည်းတန်လွန်းလို့ ခွေးကြီးကတောင် မစားချင်ဘူး ဟု သူ့ကိုယ်သူ တွေးမိသည်။
ဒီပုံပြင်လေးကိုဘာလို့နှစ်သက်မိလည်းဆိုရင်...လူရယ်လို့ဖြစ်လာကတည်းက...ငွေဇွန်းကိုက်ခါ
ရွှေလင်ပန်းနှင့် အချင်းဆေး၊ ပန်းမွေ့ရာ ရွှေကော်ဇော
အဆင်သင့်ခင်းပေးမဲ့ဘ၀မျိုးမဟုတ်ခဲ့ဘူးလေ။ ကိုယ်လမ်းကို ထွင် ကစဥ့်ကရဲ
အိုးနင်းခွက်နင်း ၀င်ရောက်လာရင်း၊
စိတ်ဓာတ်ကျစရာများကြုံတွေ့လာရပါတယ်။ထိုအခါတိုင်း ပုံပြင်ထဲ က ဘဲလေးကို
သွားသတိရမိလို့ပါပဲ။
ညခင်း ဆားချက်ပြီ...ရေးစရာ က လက်ကုန်နေပြီလေ။ ဟီးးးးဟိ
ညခင်း
Posted by
laypaystar1500@gmail.com
0 comments:
Post a Comment